Friday, August 8, 2014

ရွှေဈေးနှုန်း ပြောင်းလဲရခြင်း အတွက် စီးပွားရေးဆိုင်ရာဒေတာများ နှင့် TECHNICAL အရပြောင်းလဲ နိုင်မှု့တို့အတွက် လေ့လာတင်ပြထားသော စာတန်းကလေးတခု ဖြစ်ပါတယ်။
                                                                          (၁)



ဈေးနှုံးများပြောင်းလဲခြင်း

  ဈေးနှုံးများပြောင်းလဲခြင်းဆိုသည်မှာ အချိန်နှင့် ပြောင်းလဲနေသော လှုပ်ရှားနေသော ကုန်ပစ္စည်းများ မှ
တည်ငြိမ်မနေပဲ ပြောင်းလဲတတ်သောသဘော ရှိသည့် ပစ္စည်းများကိုလေ့လာကြည့်ရပါမည်။ဈေးနှုံးမှာ အခြား
သော စီးပွားရေး ထုတ်ကုန် ထွက်ကုန်များ တန်ဘိုးသတ်မှတ်ခြင်းနှင့် တူညီပါသည်။ဈေးနှုံးပြောင်းလဲခြင်းမှာ
ဝယ်လိုသူ (buyer) နှင့် ထုတ်လုပ်သူ ( supply/seller) တို့သင့်တင့်သော ဆုံးဖြတ်ချက်ဖြင့် သတ်မှတ်သော
တန်ဘိုး ပြောင်းလဲခြင်းပင်ဖြစ်ပါသည်။
         စီးပွားရေးနှင့်ပါတ်သက်သော သတင်းများဈေးကွက်အတွင်းသို့ရောက် ရှိလာခြင်းဟာလည်း ၀ယ်လိုသူ
နှင့်ရောင်းလိုသူကို ဈေးနှုံးပြောင်းလဲစေရန်သက်ရောက်စေပါတယ်။ထိုမှဝယ်သူနှင့်ရောင်းသူ မှညီမျှနှစ်သက်
သော ဈေးနှုံးကိုသတ်မှတ်ခြင်းဖြင့် ဈေးနှုံးပြောင်းလဲခြင်းများဖြစ်ပေါ်လာ ခြင်းဖြစ်ပါတယ်။အခြားသောသတင်း
များဈေးကွက်သို့မရောက်မလာချိန်အထိ တည်ငြိမ်သောဈေးကွက်(sideways market) ဖြစ်ပေါ်နေမှာပါ။
        အခြေခံကျသောသတင်း( fundamental)၊စီးပွားရေးအချက်အလက် (economic data)၊နိုင်ငံရေး အဖြစ်
အပျက်( political events)၊သဘာဝဘေးအနရ္တယ်( natural disasters)၊ဈေးကွက်အပေါ်စိတ်ဝင်စားခံစားမှု့
( market sentiments)၊များဟာ ၀ယ်လိုသူ နှင့်ရောင်းလိုသူအပေါ် သက်ရောက်စေမှာဖြစ်တဲ့အတွက် ဈေးနှုံး
များဟာ ပြောင်းလဲခြင်း ဖြစ်ပေါ် စေတာဖြစ်ပါတယ်။
အခြေခံကျသောသတင်း(Fundamental news)
အတိုးနှုံး( Interest rates)

    Fundamental newsမှာ အဓိကကြသောအရေးကြီးသော သတင်းတခုအဖြစ် တည်ရှိတဲ့နိုင်ငံတခုရဲ့အတိုးနှုံး
ဟာ အလွန်အရေးပါ ပါတယ်။အတိုးနှုံးကြောင့် ငွေကြေး ဈေးကွက်ပြောင်းလဲနိုင်ပါတယ်။ ဥပမာ-USD/JPY
(ဂျပန်ယန်းနဲ့အမေရိကန်ဒေါ်လာ)တန်ဘိုးဟာ အမေရိကန်နိုင်ငံရဲ့အတိုးနှုံး သို့မဟုတ် ဂျပန်နိုင်ငံရဲ့အတိုးနှုံး
ပြောင်းလဲခြင်းဟာ ထိုငွေကြေး ၂ ခုလုံးရဲ့ တန်ဘိုးပြောင်းလဲခြင်းကို များစွာသက်ရောက်စေပါတယ်။ဂျပန်ဘဏ်
(Bank of Japan)ဟာ အတိုးနှုံးကိုတိုးခြင်းဖြင့်ပြောင်းလဲ ခဲ့ပါက ဂျပန်ယန်းတန်ဘိုးမှာအမေရိကန်ဒေါ်လာနှင့်
ဆန့်ကျင်ဘက် မြင့်တက်လာမှာပါ။အမေရိကန်ဒေါ်လာဟာ ဆန့်ကျင်ဘက်ဂျပန်ယန်းထက် အားပျော့ခဲ့ပါက
ဂျပန်ယန်းးနဲ့အမေရိကန်ဒေါ်လာ(USD/JPY )exchange rate ဟာကျဆင်းလာမှာပါ။အဲဒါဟာ၁ ဒေါ်လာတန်ဘိုး
ဟာမူလကထက် ဂျပန်ယန်းနဲပေးပြီးဝယ်ယူရတာပါ။ထိုကဲ့သို့ဆန့်ကျင်ဘက်ဖြစ်ခဲ့ပါက အမေရိကန်ဒေါ်လာ
တန်ဘိုးတက်ပြီးဂျပန်ယနးဟာ တန်ဘိုးကျဆင်းလာသည်ဟုခေါ်ဆိုရပေမည်။ထိုကဲ့သို့ဖြစ်ပေါ်မှု့မျိုးဟာFED
(Federal Reserve Bank)မှအတိုးနှုံး ချသည့်အခါမျိုးတွင်တွေ့ရှိနိုင်ပေမည်။
   FED မှအတိုးနှုံးချသည့်အခါတွင် အမေရိကန်ဒေါ်လာကိုင်ဆောင်သူ များမှာအတိုးနှုံး လျှော့ရသဖြင့်ဝင်ငွေ
နည်းပါးလာမှု့ကြောင့် အခြားငွေကြေး(other currencies)ကိုရင်းနှီးမြှုတ်နှံရန် အမေရိကန်ဒေါ်လာကို
ထုတ်ယူပြောင်းလဲ လာပါလိမ့်မည်။
   ဥပမာယန်းကိုကိုင်ဆောင်ပြီး ၀ယ်ရောင်းလုပ်မည်ဆိုပါက ယန်း၏အတိုးနှုံးမှာ 0.25%၊အမေရိကန် အတိုး
နှုံးမှာ 5%ဆိုပါက ထိုငွေကြေး ၂ ခု၏ ကွာခြားချက်မှာ 4.75% ဖြစ်နေပေမည်။ထိုအခါ ဂျပန်ဘဏ်မှယန်းကို
0.5%ဖြင့်ချေးယူပြီး အမေရိကန်ဒေါ်လာ အဖြစ်ဘဏ်တွင်ပြောင်းလဲကာ အရင်းအနှီးပြုလုပ်ပြီး အမေရိကန်
Bonds ကိုရင်းနှီးမြုပ်နှံပါက အတိုးနှုံးအနေနှင့် 5.25% ပြန်လည်ရရှိနိုင်ပေမည်။အကျိုးရလဒ်မှာ 4.75%ဖြစ်
နေပါမည်။ထိုကြောင့်ဂျပန်ဘဏ်မှ အငှားချေးယူပြီး အမေရိကန်တွင်ရင်ျးနှီးမြုပ်နှံ ခြင်းဖြင့် စီးပွားရေးလုပ်ကိုင်
ကြဘူးပါသည်။ထိုကြောင့် ထိုရင်းနှီးမြုပ်နှံ သူအတွက် USD/JPY exchange rate အတက်အကျသည်အရေး
ပါလှပါသည်။Exchange rate သာတည်ငြိမ်နေပါက အမြတ်သေချာစွာ ရရှိနိုင်ပါတယ်။သို့သော်လည်း
Exchange rate သာ 5% ထက်ပိုသောပြောင်းလဲမှု့ရှိခဲ့ပါက အရှုံးပေါ်လာနိုင်ပါတယ်။
  ဒါကြောင့် အတိုးနှုံး(interest rate)ပြောင်းလဲခြင်းဟငွေကြေးဈေးကွက်ကို အကျိုးသက်ရောက်စေပါတယ်။
ဥရောပဈေးကွက် အတွင်းအတိုးနှုံးသာ အားကောင့်းခဲ့ပါမူ ဥရောပငွေကြေးဟာ အခြားငွေကြေးများထက် အားကောင်းလာနိုင်ပါတယ်။အမေရိကန် အတိုးနှုံး အားကောင့်းခဲ့ပါက အမေရိကန် စီးပွားရေးဒေတာများ ကောင်း
မွန်ပြီး ဥရောပငွေကြေးဟာ အားပျော့ပြီး ရွှေဈေးဟာကျဆင်းတတ်ပါတယ်။အမေရိကန် အတိုးနှုံးကိုလျှော့ချ
ခဲ့ပါက အမေရိကန်ဒေါ်လာတန်ဘိုးဟာ ကျဆင်းပြီး ဥရောပငွေကြေး အားကောင်းကာ ရွှေဈေးမြင့်မားတတ်
တာကိုတွေ့ရှိရပါတယ်။
  အတိုးနှုံးဟာ နိုင်ငံပေါ်မူတည်ပြီး အရေးကြီးမှု့ ကွဲပြားတတ်ပါတယ်။နိုင်ငံတခု၏ ဗဟိုဘဏ်မှ အတိုးနှုံးမြင့်
မားမှု့ရလဒ် နောက်ကို ထိုနိုင်ငံ၏ စီးပွားရေးပေါ်လစီ ဟာလိုက်ပါပြောင်းလဲတတ်ပါတယ်။

No comments:

Post a Comment