Friday, August 8, 2014

                                                                               ( ၃ )


--Durable Goods

   ဒါကတော့ ကြာရှည်မသုံးစွဲနိုင်သော ကုန်ပစ္စည်းဟုဆိုသော်လည်း လွန်ခဲ့သော ၃ နှစ်ခန့်အထိ ထုတ်
လုပ်ခဲ့သောကုန်ပစ္စည်း ကိုပါ ပါဝင်စေပါတယ်။ဒီဒေတာကတော့ retail sales နဲ့ ဆက်နွယ်နေပါတယ်။

အခြားစီးပွားရေးဒေတာများ..

--Housing Starts

    ဒီဒေတာကတော့ အမေရိကန်နိုင်ငံရဲ့အိမ်ယာအသစ် ဆောက်လုပ်ခွင့်ပါမစ် ထုတ်ပေးခြင်းကိုဖေါ်ပြပါတယ်။
ထိုဒေတာအောက်မှာပဲ Existing home sales(နေထိုင်ဆောက်လုပ်ပြီး အိမ်အဟောင်း)ဈေးကွက် လဲပါဝင်ပါတယ်။မည်သည့်အိမ်မဆိုအရောင်းအ၀ယ်ကောင်းလျှင်စီးပွားရေးကောင်းမွန်သည်ဟုယူဆရပေမည်။

--Trade deficit

   ဒီဒေတာ ကလည်း မြင့်မားစွာထွက်ပေါ်လာပါက ဒေါ်လာအားကောင်းနိုင်ပြီး တင်ပို့ကုန်ဟာ တင်သွင်းကုန်
ထက်များပြား လာသည်ဟုညွှန်းဆိုပါတယ်။

        ကမ္ဘာ့ ကြီးမားသော ရင်းနှိးမြုတ်နှံ သူများဟာ Technical ပိုင်းသာမက fundamental (စီးပွားရေး
ဒေတာများကိုပါ သုံးသပ်ပြီး ရောင်းဝယ်လေ့ရှိပါတယ်။

အခြားတိုင်းပြည် နိုင်ငံများ၏ စီးပွားရေးဒေတာများ..
     အဓိကကျသော စီးပွားရေးဒေတာများမှာ--
၁။ Gross Domestic Production
၂။ Industrial Production
၃။ Producer Price Index
၎။ Retail Sales
၅။ Consumer Price Index
    ထိုဒေတာအားလုံး မှာအမေရိကန်ဒေတာများနှင့် အားလုံးဆင်တူနေပါတယ်။ငွေကြေး ရောင်းဝယ်ခြင်းပြု
လုပ်သည်ဖြစ်စေ ရွှေနှင့်အခြား ခိုင်မာသော ပစ္စည်း ကိုရောင်းဝယ်ခြင်းပြုလုပ် သည်ဖြစ်စေ ဈေးနှုံးပြောင်းလဲ
ခြင်းအတွက်အရေးပါလှပါတယ်။
   ဥရောပနိုင်ငံများစွာပါဝင်သော ဥရောပသမဂ္ဂ တွင်စီးပွားရေးဒေတာများ နိုင်ငံတိုင်းထွက်သော်လည်း နိုင်
ငံကြီးမားမှသာ ပြောင်းလဲခြင်းများပြားနိုင်ပါတယ်။ဂျာမဏီနိုင်ငံ၏ စီးပွားရေးသည် ဥရောတွင် အကြီးဆုံးဖြစ်
နေသဖြင့် ဂျာမဏီဒေတာသည် ဥရောပအချိန်တွင် အလွန်အရေးပါလှပါတယ်။ပြင်သစ်နိုင်ငံသည်လည်း ဒုတိယ
အကြီးဆုံးဖြစ်သဖြင့် အရေးကြီးပါတယ်။တခါတရံ ဥရောပဒေတာများကြောင့် ဥရောပအချိန်တွင် ဈေးနှုံးပြောင်း
လဲမှု့ ကြီးမားလေ့ရှိပါတယ်။
  သို့သော်အမေရိကန် ဒေတာသည်သာ အဓိကပြောင်းလဲမှု့ ခိုင်မာ ခြင်းကိုဖြစ်ပေါ်စေပါတယ်။ အဘယ့်ကြောင့်ဆိုရပါမူ အမေရိကန် စီးပွားရေးဒေတာဟာ အဓိကငွေးကြေး ၄ ခု၏ တန်ဘိုးကိုပြောင်းလဲ
စေနိုင်ပါတယ်။(USD/JPY, EUR/USD, GBP/USD, USD/CHF).
  
    အထက်ပါစီးပွားရေးဒေတာ များအပြင် အခြားအရေးကြီးဒေတာများကိုလည်း အနီးကပ်လေ့လာသင့်ပါတယ်။

--Germany IFO Report

    ဒီအထဲမှာတော့ IFO ရဲ့ စီးပွားရေးအခြေအနေ နဲ့ စီးပွားရေးမျှော်လင့်ချက် ဟာ ဂျာမဏီနိုင်ငံရဲ့ စီးပွားရေး
အခြေအနေကို ဖေါ်ပြမှာဖြစ်ပါတယ်။

--Japan Tankan Report

   ဒီဒေတာကတော့ ဂျပန်နိုင်ငံရဲ့ စီးပွားရေးကို ခြုံငုံ သုံးသပ်နိုင်ပါတယ်။

--Central Bank’s meeting minutes

    စီးပွားရေး လုပ်ဆောင်သော ကြီးမားတဲ့ ချမ်းသာကြွယ်ဝသူများ ပညာရှင်များဟာ ဒီဗဟိုဘဏ် အစည်းအ
ဝေးကိုတက်ရောက်ကြပါတယ်။ဒီအစည်းအဝေးမှာ အစဉ်အမြဲ စကားအခြေအတင်နှင့်ဆွေးနွေးခြင်း၊မဲပေးရွေး
ချယ်ခြင်းမှားပြုလုပ်လေ့ရှိပါတယ်။ထိုအစည်းအဝေးမှ အတိုးနှုံး လျှော့ခြင်း တိုးခြင်းများ အတွက်သဲလွန်စ
ရှာဖွေလေ့ရှိပါတယ်။ထိုအစည်းအဝေးမှ ဆုံးဖြတ်ချက်များကို  Federal Reserve Bank, Bank of England,
European Central Bank နှင့် Bank of Japan တို့မှ copy ယူပြီး အများပြည်သူသို့ ထပ်မံတင်ပြလေ့ရှိပါတယ်။

 အောက်ပါwebsites များကတော့ စီးပွားရေး ဒေတာများ ကို တပါတ်လုံးစာ အတွကအချိန်နှင့်တက်ွအမြဲ တင်ပြပေးလေ့ရှိပါတယ်။


Political Events(နို်င်ငံရေးကြောင့် ရွှေဈေးပြောင်းလဲခြင်း)

    နိုင်ငံတခုမှာ အဓိကနိုင်ငံရေး ပြောင်းလဲမှု့တွေ ဖြစ်တတ်ပါတယ်။အဲဒီလိုပြောင်းလဲမှု့ကြောင့် ထိုနိုင်ငံရဲ့ငွေ
ကြေးတန်ဘိုး အပေါ်သက်ရောက်တတ်ပါတယ်။ဥပမာအားဖြင့်- ဂျပန်နိုင်ငံမှာ ရွေးကောက်ပွဲပြုလုပ်စဉ်က နောင်
တက်မဲ့ ၀န်ကြီးချုပ်ကို သေချာစွာမသိရသေးခင် အချိန်တွင် ဂျပန်ယန်းမှာ အားပျော့နေပါတယ်။ထိုကဲ့သို့ပင် အ
မေရိကန်သမ္မတ ရွေးကောက်ပွဲ မပြီးဆုံးခင်အချိန်ကာ လအတွင်း အမေရိကန် ဒေါ်လာဈေးမှာ မတည်ငြိမ်မှု့ဖြစ်
ပေါ်ခဲ့ပါတယ်။အခြားနိုင်ငံရေးများကြောင့် ဈေးနှုံးမတည်ငြိမ်ခြင်းများလည်း များစွာရှိခဲ့ပါတယ်။ဥပမာ-အီရတ် နှင့်
အမေရိကန်စစ်ပွဲ အချိန်၊ အမေရိကန်၏ ကုန်သွယ်ရေး ဗဟိုဌာန ကို အကြမ်းဖက်တို့ တိုက်ခိုက်ဖြိုခွဲချိန်၊မြောက်
ကိုရီးယားမှ အနုမြူ လက်နက် စမ်းသပ်ပြစ်လွှတ်မည်ဟု ခြိမ်းခြောက်ချိန်၊အနီးစပ်ဆုံး ဆီးရီးယား အားအမေရိ
ကန်မှ တိုက်ခိုက်တော့မည်ဟု သတင်းဖြစ်ပေါ်နေချိန်များ တွင် ဈေးနှုံးများမှာ များစွာပြောင်းလဲခဲ့ပါတယ်။

Natural Disasters(သဘာဝဘေးအန္တရယ် ကြောင့်ဈေးနှုံးပြောင်းလဲခြင်း)

  နိုင်ငံတခုတွင် မည်သည့်အချိန်မဆို ငလျှင်ကဲ့သို့သော၊မုန်တိုင်း ကဲ့သို့သော ဘေးကပ်ဆိုးများကျရောက်တတ်ပါတယ်။ထိုကဲ့သို့ ဖြစ်ပေါ်ခဲ့သော် ကျရောက်သောနိုင်ငံအတွက် ငွေောကးတန်ဘိုးဆိုးဝါးလေ့ရှိပါတယ်။
ငလျှင်ဟာ သစ်ပင်များ စက်ရုံများနေအိမ်ရုံးဌာ နများကို ပြိုပျက်စေသဖြင့် ပြန်လည်တည်ဆောက်ရေးများ လုပ်ကိုင်ရသဖြင့် ထိုနိုင်ငံ၏ GDP မှာကျဆင်းရစမြဲ ဖြစ်တဲ့အတွက် ငွေကြေးတန်ဘိုးကို အားပျော့စေပါတယ်။
  
     ဒါကြောင့် ဈေးနှုံးများသည် သတင်းများ၊ စီးပွားရေးဒေတာများ၊ ထွက်ပေါ်ခဲ့သော စီးပွားရေးအခြေအနေ၊
နိုင်ငံရေး၊သဘာဝ ဘေးအန္တရယ် များကြောင့် သတင်းများထွက်ပေါ်ခဲ့သော် ငွေလဲနှုံး များစတင်ပြောင်းလဲကာ
ကုန်ပစ္စည်းအားလုံးဈေးနှုံးနှင့်အတူ ရွှေဈေးကိုပါပြောင်းလဲစေတတ်ပါတယ်။ထိုကဲ့သို့ဖြစ်ပေါ်နေသောအချိန်
မျိုးတို့ တွင် အရောင်းအ၀ယ်ပြု လုပ်နေသောသူများ အတွက် ပိုမိုတွက်ဆ ရောင်းဝယ်ခြင်းများပြုလုပ်နိုင်ပါ
တယ်။
    အထက်ပါအကြောင်းအရာများကတော့ ဈေးနှုံးပြောင်းလဲရခြင်း အကြောင်းအရင်းအချို့ဖြစ်ပါတယ်။
အခြားအကြောင်းများကြောင့် ပြောင်းလဲမှု့ ရှိသည်များကို ထပ်မန်တင်ပြပေးပါအုံးမည်။
  အချို့အရောင်းအ၀ယ်ပြုလုပ်သူ များဟာ ဈေးနှုံး၏ပြောင်းလဲမှု့ကို ချတ်(CHARTING) သို့မဟုတ်
Technical analysis ဖြင့် ကြည့်ရှု့ဆုံးဖြတ် ရောင်းဝယ်ခြင်းမျိုးလည်းရှိပါတယ်။
   အများပြည်သူများ အနည်းငယ်လေ့လာ ဆည်းပူးနိုင်ရန် ချတ်(chart )၏ သဘောသဘာဝကိုအနည်း
ငယ်ရှင်းလင်းတင်ပြပေးပါမည်။
 
                                                                     ( ၂ )


ဒေတာများအကြောင်း(economic data)

   အမေရိကန်စီးပွားရေးဒေတာများဟာ နေ့တိုင်းနီးပါး ထွက်ပေါ်လေ့ရှိပါတယ်။ဒေတာအများစုကတော့ စီး
ပွားရေးပြောင်းလဲမှု၊ိုလှုပ်ရှားမှု့ကို ဖြစ်ပေါ်စေပါတယ်။အမေရိကန်သာမဟုတ်ပဲ အခြားနိုင်ငံများတွင်လဲ စီးပွား
ရေးဒေတာများ ထွက်ပေါ်တဲ့အခါ ငွေကြေးနဲ့ ခိုင်မာသောကုန်ပစ္စည်းများ ဈေးပြောင်းလဲတတ်မှု့ကိုလေ့လာ
ကြည့်မယ်ဆိုပါက…

  Nan-farm payroll and Employment report

    အစဉ်အမြဲ လတစ်လ ၏ ပထမဆုံးသောကြာနေ့မှာ Nan-farm payroll report ဟာထွက်ရှိပါတယ်။
အပိုင်း နှစ်ခု ခွဲခြားလေ့လာမည်ဆိုပါက ပထမအပိုင်းအနေဖြင့် စီးပွားရေး မဟုတ်သောအလုပ်အကိုင်သစ်
ပေါ်ပေါက်ဖန်တီးနိုင်မှု့ဖြစ်ပြီး၊ဒုတိယ အပိုင်းကတော့ အမေရိကန် စီးပွားရေးမှာ အလုပ်လက်မဲ့ ဖြစ်ပေါ်မှု့
ဟုလေ့လာနိုင်ပါတယ်။အမေရိကန်ဒေတာ report များဟာ အမေရိကန် စီးပွားရေးကိုဖေါ်ပြသော အမှတ်
အသားတခုဟုခေါ်ဆိုနိုင်ပါတယ်။အမေရိကန်ဒေတာကောင်းမွန်လျှင် အမေရိကန်ငွေကြေး အားကောင်း
ပြီး အမေရိကန်ဒေတာ မကောင့်းလျှင် အမေရိကန်ငွေကြေး အားပျော့နိုင်ပါတယ်။ Nan-farm payroll
Report ဟာအထူးစောင့်ကြည့်ရမည့် စီးပွားရေးဒေတာတခုဖြစ်ပါတယ်။

US gross domestic production(GDP) data

  US GDP ဒေတာဟာ အရေးကြီးဒေတာ တခုအဖြစ်ပါဝင်ပါတယ်။အမေရိကန်၏ ကုန်ပစ္စည်းထုတ်ကုန်
လုပ်ငန်း အားလုံးပါဝင်ပါတယ်။ထိုဒေတာမှ အမေရိကန်စီးပွားရေးအခြေအနေ ကြီးထွားလာမလား၊နိမ့်ကျ
သွားမလားဆိုသောအရာရဲ့ ပြယုဒ်တခုဖြစ်ပါတယ်။အလုပ်လက်မဲ့ဒေတာ ထွက်ခြင်းနှင့်ဆင်ဆင်တူပါတယ်။
GDP မှအမေရိကန်စီးပွားရေးအခြေအနေကို တိုင်းထွာနိုင်ပါတယ်။စီးပွားရေးကောင်းမွန်ပါက ဒေါ်လာတန်
ဘိုးမြင့်တက်ကာရွှေဈေးကျဆင်း တတ်ပါတယ်။

Production Indexes

  ယင်းခေါင်းစဉ်အောက်တွင် Producer price index(PPI),Purchasing manager index(PMI),နှင့်
Industrial Production, ဆီုပြီး ၃မျိုးရှိရာ ထုတ်ကုန်အားလုံး၏ ကုန်ကျနှုံးကိုညွှန်းဆိုပါတယ်။ထိုဒေတာ
၃ မျိုးလုံးမှ ထွက်ကုန် အရ ငွေကြေးဖေါင်းပွမှု့ကို တိုင်းတာနိုင်ပါတယ်။ မြင့်တက်ခဲ့ပါက အစဉ်အမြဲ ထုတ်ကုန်
စရိတ် တိုးလာမှာဖြစ်ပါတယ်။ထိုကြောင့်သုံးစွဲငွေများပြားမှာဖြစ်တဲ့အတွက် စီးပွားရေးတွင်ငွေကြေးဖေါင်းပွနိုင်
ပါတယ်။
--Producer Price Index(PPI)

     PPI မှာ ထုတ်ကုန်ပစ္စည်းတန်ဘိုး ကိုညွှန်းဆိုပါတယ်။ထိုမှထုတ်ကုန် တန်ဘိုးကြောင့် ငွေကြေးဖေါင်းပွ
မှု့ကို မကြာခဏဆိုသလို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။စီးပွားရေးအရ ငွေကြေးဖေါင်းပွမှု့ မဖြစ်အောင် FED
မှထိန်းညှိပေးပါတယ်။

--Purchasing Manager Index(PMI)

    PMI မှာ အမေရိကန် စီးပွားရေး မှထုတ်လုပ်မှု့များဖွဲ့စည်းထား မှု့အခြေအနေကိုဖေါ်ပြပါတယ်။ PMI
မြင့်မားလာပါက ထုတ်ကုန်ကောင်းမွန်လာတဲ့အတွက် စီးပွားရေးကောင်းမွန်လာမည်ဟု ယူဆနိုင်ပါသဖြင့်
ရွှေဈေးကျဆင်းတတ်ပါတယ်။

--Industial Production(IP)

   IP မှာ အမေရိကန်၏ စက်မှု့ထုတ်ကုန် အနိမ့်အမြင့် ကိုညွှန်းဆိုပါတယ်။စက်မှု့ထွက်ကုန် များပြားကောင်း
မွန်ပါက စီးပွားရေးကောင်းမွန်စွာ လုပ်ကိုင်နိုင်ခြင်းကို ဆိုလိုနိုင်သဖြင့် ငွေဖေါင်းပွမှု့နဲပါးနိုင်သော်လည်း
ထုတ်လုပ်နိုင်မှု့၏ ရာနှုံးပြည့် နီးပါးကောင်းမွန်ခဲ့ပါက ငွေကြေးဖေါင်းပွမှု့ကို ပြန်လည်ဖြစ်ပေါ်စေနိုင်သဖြင့်
ရွှေဈေးကို မြင့်မားစေနိုင်ပြန်ပါတယ်။

Consumer Indexes

  ယင်းခေါင်းစဉ်အောက်တွင် Consumer Price Index, Consumer Confidence Index, Retail sales,
နှင့် Durable Goods order, ဟုရှိနေပြီး ထိုဒေတာအားလုံးဟာ သုံးစွဲမှု့ သို့မဟုတ် ၀ယ်လိုအား မှ ငွေကြေး
ဖေါင်းပွနိုင်မှု့ကိုတိုင်းတာနိုင်ပါတယ်။

--Consumer Price Index(CPI)

  CPI မှာ ကုန်ပစ္စည်းကို တန်ဘိုး တခုဖြင့် မည်မျှသုံးစွဲ သည် ကုန်ဆုံးသွားသည်ကို ညွှန်းဆိုပါတယ်။ CPI
တိုးလာပါက ငွေကြေးဖေါင်းပီမှု့လည်း တိုးလာနိုင်ပါတယ်။

--Consumer Confidence Index(CCI)

   CCI မှာ စီးပွားရေးကို တိုင်းထွာနိုင်တဲ့ ကျောင်းများမှထွက်လေ့ရှိပါတယ်။အမေရိကန်၏ စီးပွားရေးကို
သင့်၏ မသင့်၏ လေ့လာသုံးသပ်နိုင်ပါတယ်။ CCI မြင့်တက်လာပါက မကြာခင်အချိန်အတွင်းမှာ စီးပွားရေး
ကောင်းမွန်လာနိုင်မည်ဟု ခန့်မှန်းနိုင်ပါတယ်။

--Retail Sales

  Retail sales မှာ ကြာရှည်ခံသော ထုတ်ကုန်နှင့် ကြာရှည်မခံသော ထုတ်ကုန် ၂ ခုလုံးကို ဖေါ်ပြသော
ကြေငြာချက်ကဲ့သို့ဖေါ်ပြခြင်း ဖြစ်ပါတယ်။ဒေတာ မြင့်မားခဲ့ပါက စီးပွားရေးကောင်းမွန်သဖြင့် သုံးစွဲမှု့များ
ပြားလာသည်ဟုမှတ်ယူနိုင်ပါတယ်။

ရွှေဈေးနှုန်း ပြောင်းလဲရခြင်း အတွက် စီးပွားရေးဆိုင်ရာဒေတာများ နှင့် TECHNICAL အရပြောင်းလဲ နိုင်မှု့တို့အတွက် လေ့လာတင်ပြထားသော စာတန်းကလေးတခု ဖြစ်ပါတယ်။
                                                                          (၁)



ဈေးနှုံးများပြောင်းလဲခြင်း

  ဈေးနှုံးများပြောင်းလဲခြင်းဆိုသည်မှာ အချိန်နှင့် ပြောင်းလဲနေသော လှုပ်ရှားနေသော ကုန်ပစ္စည်းများ မှ
တည်ငြိမ်မနေပဲ ပြောင်းလဲတတ်သောသဘော ရှိသည့် ပစ္စည်းများကိုလေ့လာကြည့်ရပါမည်။ဈေးနှုံးမှာ အခြား
သော စီးပွားရေး ထုတ်ကုန် ထွက်ကုန်များ တန်ဘိုးသတ်မှတ်ခြင်းနှင့် တူညီပါသည်။ဈေးနှုံးပြောင်းလဲခြင်းမှာ
ဝယ်လိုသူ (buyer) နှင့် ထုတ်လုပ်သူ ( supply/seller) တို့သင့်တင့်သော ဆုံးဖြတ်ချက်ဖြင့် သတ်မှတ်သော
တန်ဘိုး ပြောင်းလဲခြင်းပင်ဖြစ်ပါသည်။
         စီးပွားရေးနှင့်ပါတ်သက်သော သတင်းများဈေးကွက်အတွင်းသို့ရောက် ရှိလာခြင်းဟာလည်း ၀ယ်လိုသူ
နှင့်ရောင်းလိုသူကို ဈေးနှုံးပြောင်းလဲစေရန်သက်ရောက်စေပါတယ်။ထိုမှဝယ်သူနှင့်ရောင်းသူ မှညီမျှနှစ်သက်
သော ဈေးနှုံးကိုသတ်မှတ်ခြင်းဖြင့် ဈေးနှုံးပြောင်းလဲခြင်းများဖြစ်ပေါ်လာ ခြင်းဖြစ်ပါတယ်။အခြားသောသတင်း
များဈေးကွက်သို့မရောက်မလာချိန်အထိ တည်ငြိမ်သောဈေးကွက်(sideways market) ဖြစ်ပေါ်နေမှာပါ။
        အခြေခံကျသောသတင်း( fundamental)၊စီးပွားရေးအချက်အလက် (economic data)၊နိုင်ငံရေး အဖြစ်
အပျက်( political events)၊သဘာဝဘေးအနရ္တယ်( natural disasters)၊ဈေးကွက်အပေါ်စိတ်ဝင်စားခံစားမှု့
( market sentiments)၊များဟာ ၀ယ်လိုသူ နှင့်ရောင်းလိုသူအပေါ် သက်ရောက်စေမှာဖြစ်တဲ့အတွက် ဈေးနှုံး
များဟာ ပြောင်းလဲခြင်း ဖြစ်ပေါ် စေတာဖြစ်ပါတယ်။
အခြေခံကျသောသတင်း(Fundamental news)
အတိုးနှုံး( Interest rates)

    Fundamental newsမှာ အဓိကကြသောအရေးကြီးသော သတင်းတခုအဖြစ် တည်ရှိတဲ့နိုင်ငံတခုရဲ့အတိုးနှုံး
ဟာ အလွန်အရေးပါ ပါတယ်။အတိုးနှုံးကြောင့် ငွေကြေး ဈေးကွက်ပြောင်းလဲနိုင်ပါတယ်။ ဥပမာ-USD/JPY
(ဂျပန်ယန်းနဲ့အမေရိကန်ဒေါ်လာ)တန်ဘိုးဟာ အမေရိကန်နိုင်ငံရဲ့အတိုးနှုံး သို့မဟုတ် ဂျပန်နိုင်ငံရဲ့အတိုးနှုံး
ပြောင်းလဲခြင်းဟာ ထိုငွေကြေး ၂ ခုလုံးရဲ့ တန်ဘိုးပြောင်းလဲခြင်းကို များစွာသက်ရောက်စေပါတယ်။ဂျပန်ဘဏ်
(Bank of Japan)ဟာ အတိုးနှုံးကိုတိုးခြင်းဖြင့်ပြောင်းလဲ ခဲ့ပါက ဂျပန်ယန်းတန်ဘိုးမှာအမေရိကန်ဒေါ်လာနှင့်
ဆန့်ကျင်ဘက် မြင့်တက်လာမှာပါ။အမေရိကန်ဒေါ်လာဟာ ဆန့်ကျင်ဘက်ဂျပန်ယန်းထက် အားပျော့ခဲ့ပါက
ဂျပန်ယန်းးနဲ့အမေရိကန်ဒေါ်လာ(USD/JPY )exchange rate ဟာကျဆင်းလာမှာပါ။အဲဒါဟာ၁ ဒေါ်လာတန်ဘိုး
ဟာမူလကထက် ဂျပန်ယန်းနဲပေးပြီးဝယ်ယူရတာပါ။ထိုကဲ့သို့ဆန့်ကျင်ဘက်ဖြစ်ခဲ့ပါက အမေရိကန်ဒေါ်လာ
တန်ဘိုးတက်ပြီးဂျပန်ယနးဟာ တန်ဘိုးကျဆင်းလာသည်ဟုခေါ်ဆိုရပေမည်။ထိုကဲ့သို့ဖြစ်ပေါ်မှု့မျိုးဟာFED
(Federal Reserve Bank)မှအတိုးနှုံး ချသည့်အခါမျိုးတွင်တွေ့ရှိနိုင်ပေမည်။
   FED မှအတိုးနှုံးချသည့်အခါတွင် အမေရိကန်ဒေါ်လာကိုင်ဆောင်သူ များမှာအတိုးနှုံး လျှော့ရသဖြင့်ဝင်ငွေ
နည်းပါးလာမှု့ကြောင့် အခြားငွေကြေး(other currencies)ကိုရင်းနှီးမြှုတ်နှံရန် အမေရိကန်ဒေါ်လာကို
ထုတ်ယူပြောင်းလဲ လာပါလိမ့်မည်။
   ဥပမာယန်းကိုကိုင်ဆောင်ပြီး ၀ယ်ရောင်းလုပ်မည်ဆိုပါက ယန်း၏အတိုးနှုံးမှာ 0.25%၊အမေရိကန် အတိုး
နှုံးမှာ 5%ဆိုပါက ထိုငွေကြေး ၂ ခု၏ ကွာခြားချက်မှာ 4.75% ဖြစ်နေပေမည်။ထိုအခါ ဂျပန်ဘဏ်မှယန်းကို
0.5%ဖြင့်ချေးယူပြီး အမေရိကန်ဒေါ်လာ အဖြစ်ဘဏ်တွင်ပြောင်းလဲကာ အရင်းအနှီးပြုလုပ်ပြီး အမေရိကန်
Bonds ကိုရင်းနှီးမြုပ်နှံပါက အတိုးနှုံးအနေနှင့် 5.25% ပြန်လည်ရရှိနိုင်ပေမည်။အကျိုးရလဒ်မှာ 4.75%ဖြစ်
နေပါမည်။ထိုကြောင့်ဂျပန်ဘဏ်မှ အငှားချေးယူပြီး အမေရိကန်တွင်ရင်ျးနှီးမြုပ်နှံ ခြင်းဖြင့် စီးပွားရေးလုပ်ကိုင်
ကြဘူးပါသည်။ထိုကြောင့် ထိုရင်းနှီးမြုပ်နှံ သူအတွက် USD/JPY exchange rate အတက်အကျသည်အရေး
ပါလှပါသည်။Exchange rate သာတည်ငြိမ်နေပါက အမြတ်သေချာစွာ ရရှိနိုင်ပါတယ်။သို့သော်လည်း
Exchange rate သာ 5% ထက်ပိုသောပြောင်းလဲမှု့ရှိခဲ့ပါက အရှုံးပေါ်လာနိုင်ပါတယ်။
  ဒါကြောင့် အတိုးနှုံး(interest rate)ပြောင်းလဲခြင်းဟငွေကြေးဈေးကွက်ကို အကျိုးသက်ရောက်စေပါတယ်။
ဥရောပဈေးကွက် အတွင်းအတိုးနှုံးသာ အားကောင့်းခဲ့ပါမူ ဥရောပငွေကြေးဟာ အခြားငွေကြေးများထက် အားကောင်းလာနိုင်ပါတယ်။အမေရိကန် အတိုးနှုံး အားကောင့်းခဲ့ပါက အမေရိကန် စီးပွားရေးဒေတာများ ကောင်း
မွန်ပြီး ဥရောပငွေကြေးဟာ အားပျော့ပြီး ရွှေဈေးဟာကျဆင်းတတ်ပါတယ်။အမေရိကန် အတိုးနှုံးကိုလျှော့ချ
ခဲ့ပါက အမေရိကန်ဒေါ်လာတန်ဘိုးဟာ ကျဆင်းပြီး ဥရောပငွေကြေး အားကောင်းကာ ရွှေဈေးမြင့်မားတတ်
တာကိုတွေ့ရှိရပါတယ်။
  အတိုးနှုံးဟာ နိုင်ငံပေါ်မူတည်ပြီး အရေးကြီးမှု့ ကွဲပြားတတ်ပါတယ်။နိုင်ငံတခု၏ ဗဟိုဘဏ်မှ အတိုးနှုံးမြင့်
မားမှု့ရလဒ် နောက်ကို ထိုနိုင်ငံ၏ စီးပွားရေးပေါ်လစီ ဟာလိုက်ပါပြောင်းလဲတတ်ပါတယ်။

7-8-2014 အတွက် ရွှေဈေးဖြစ်နိုင်ခြေ ခန့်မှန်းချက်


မင်္ဂလာပါခင်ဗျာ...
မနေ့ကတော့ရွှေဈေးဟာ ခိုင်မာတဲ့ Res 1295 ကိုကျော်ဖြတ် မြင့်တက်ခဲ့ပြီး
1309 အထိရောက်ရှိခဲ့ပြီး 1305-1306 မှာတည်မှီနေပြန်ပါတယ်။အမေရိကန်
Trade balance ဒေတာ နှင့် 10Yr bond ဒေတာ တို့ထွက်ရှိခဲ့ခြင်းနှင့်အတူ
ပြန်လည်မြင့်မားခဲ့တဲ့ရွှေ ဈေးဟာ ဒီနေ့ ECB Press Conference နှင့် အလုပ်
လက်မဲ့ဒေတာ၊အင်္ဂလန်ဒေတာအချို့ ထွက်ရှိဦးမှာဖြစ်တဲ့အတွက်ပြောင်းလဲမှု့ တစုံတရာ ထပ်မံပေါ်ပေါက်လာဦးမှာ ဖြစ်တဲ့အတွက် သတိထားရောင်းဝယ်ခြင်း
ဖြင့် ရောင်းဝယ်ခြင်းပြုလုပ်မှသာ အမြတ်တခု ရရှိနိုင်မှာဖြစ်ပါတယ်။
SPDR Gold Trust မှရောင်းခဲ့သော်လည်း ရွှေဈေးဟာ ပြန်လည်မကျဆင်း
ခဲ့ပဲ မြင့်တက်ခဲ့ရပါတယ်။ 1307 ကို ခိုင်မာစွာ ကျော်ဖြတ်မြင့်တက်ခဲ့ပါက 1318
အထိမြင့်တက်နိုင်ပြီး 1302 ကိုကျော်လွန်ဆင်းသက်မှု့ ခိုင်မာခဲ့ပါက 1295 အ
ထိ ပြန်လည်ဆင်းသက်နိုင်ပါသေးသဖြင့် သတိထားရောင်းဝယ်ခြင်းဖြင့်အမြတ်
ရယူနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Monday, August 5, 2013


မင်္ဂလာနံနက်ခင်းပါခင်ဗျာ....
   ရွှေဈေးဟာ မနေ့ကတနေ့လုံး ဥရောပအချိန် မှာကျဆင်းခဲ့ပါတယ်။အမေရိကန် အချိန်မှာတော့ 1300 နှင့် 1300 အောက်သို့ရောက်ရှိခဲ့သော်လည်း ပြန်လည်ဦး
မော့လာပြန်ပါတယ်။1300 နှင့် 1320 အတွင်းမှာသာ ပြောင်းလဲချင်ပုံရှိနေပါတယ်။
  1310အပေါ်ရောက်ရှိလျှင် သတိပြုရန်လိုအပ်သလို 1300 အောက်ကိုရောက်ခဲ့
လျှင်လည်း သတိပြုရပေမည်။1270 အထိ ဆက်လက်ဆင်းသက်နိုင်မလားဆို
သည်ကို စောင့်ကြည့်ရန်လိုအပ်လှပေသည်။
 ဒီမနက် သြစတေးလျှ အတိုးနှုံး ကိုလျှော့ချ/မချ ဆိုတာကလည်း ၁၀နာရီမှာရှိနေ
ပါတယ်။ည ရ နာရီ trade balance ကလည်းရွှေဈေးကို အနည်းငယ်ပြောင်းလဲ
စေမှာဖြစ်ပါတယ်။ည ၈း၃၀ မှာ အင်္ဂလန် NIESR GDP Estimate ကလည်းစောင့်
ကြည့်ရန်လိုအပ်ပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။