Friday, August 8, 2014

                                                                     ( ၂ )


ဒေတာများအကြောင်း(economic data)

   အမေရိကန်စီးပွားရေးဒေတာများဟာ နေ့တိုင်းနီးပါး ထွက်ပေါ်လေ့ရှိပါတယ်။ဒေတာအများစုကတော့ စီး
ပွားရေးပြောင်းလဲမှု၊ိုလှုပ်ရှားမှု့ကို ဖြစ်ပေါ်စေပါတယ်။အမေရိကန်သာမဟုတ်ပဲ အခြားနိုင်ငံများတွင်လဲ စီးပွား
ရေးဒေတာများ ထွက်ပေါ်တဲ့အခါ ငွေကြေးနဲ့ ခိုင်မာသောကုန်ပစ္စည်းများ ဈေးပြောင်းလဲတတ်မှု့ကိုလေ့လာ
ကြည့်မယ်ဆိုပါက…

  Nan-farm payroll and Employment report

    အစဉ်အမြဲ လတစ်လ ၏ ပထမဆုံးသောကြာနေ့မှာ Nan-farm payroll report ဟာထွက်ရှိပါတယ်။
အပိုင်း နှစ်ခု ခွဲခြားလေ့လာမည်ဆိုပါက ပထမအပိုင်းအနေဖြင့် စီးပွားရေး မဟုတ်သောအလုပ်အကိုင်သစ်
ပေါ်ပေါက်ဖန်တီးနိုင်မှု့ဖြစ်ပြီး၊ဒုတိယ အပိုင်းကတော့ အမေရိကန် စီးပွားရေးမှာ အလုပ်လက်မဲ့ ဖြစ်ပေါ်မှု့
ဟုလေ့လာနိုင်ပါတယ်။အမေရိကန်ဒေတာ report များဟာ အမေရိကန် စီးပွားရေးကိုဖေါ်ပြသော အမှတ်
အသားတခုဟုခေါ်ဆိုနိုင်ပါတယ်။အမေရိကန်ဒေတာကောင်းမွန်လျှင် အမေရိကန်ငွေကြေး အားကောင်း
ပြီး အမေရိကန်ဒေတာ မကောင့်းလျှင် အမေရိကန်ငွေကြေး အားပျော့နိုင်ပါတယ်။ Nan-farm payroll
Report ဟာအထူးစောင့်ကြည့်ရမည့် စီးပွားရေးဒေတာတခုဖြစ်ပါတယ်။

US gross domestic production(GDP) data

  US GDP ဒေတာဟာ အရေးကြီးဒေတာ တခုအဖြစ်ပါဝင်ပါတယ်။အမေရိကန်၏ ကုန်ပစ္စည်းထုတ်ကုန်
လုပ်ငန်း အားလုံးပါဝင်ပါတယ်။ထိုဒေတာမှ အမေရိကန်စီးပွားရေးအခြေအနေ ကြီးထွားလာမလား၊နိမ့်ကျ
သွားမလားဆိုသောအရာရဲ့ ပြယုဒ်တခုဖြစ်ပါတယ်။အလုပ်လက်မဲ့ဒေတာ ထွက်ခြင်းနှင့်ဆင်ဆင်တူပါတယ်။
GDP မှအမေရိကန်စီးပွားရေးအခြေအနေကို တိုင်းထွာနိုင်ပါတယ်။စီးပွားရေးကောင်းမွန်ပါက ဒေါ်လာတန်
ဘိုးမြင့်တက်ကာရွှေဈေးကျဆင်း တတ်ပါတယ်။

Production Indexes

  ယင်းခေါင်းစဉ်အောက်တွင် Producer price index(PPI),Purchasing manager index(PMI),နှင့်
Industrial Production, ဆီုပြီး ၃မျိုးရှိရာ ထုတ်ကုန်အားလုံး၏ ကုန်ကျနှုံးကိုညွှန်းဆိုပါတယ်။ထိုဒေတာ
၃ မျိုးလုံးမှ ထွက်ကုန် အရ ငွေကြေးဖေါင်းပွမှု့ကို တိုင်းတာနိုင်ပါတယ်။ မြင့်တက်ခဲ့ပါက အစဉ်အမြဲ ထုတ်ကုန်
စရိတ် တိုးလာမှာဖြစ်ပါတယ်။ထိုကြောင့်သုံးစွဲငွေများပြားမှာဖြစ်တဲ့အတွက် စီးပွားရေးတွင်ငွေကြေးဖေါင်းပွနိုင်
ပါတယ်။
--Producer Price Index(PPI)

     PPI မှာ ထုတ်ကုန်ပစ္စည်းတန်ဘိုး ကိုညွှန်းဆိုပါတယ်။ထိုမှထုတ်ကုန် တန်ဘိုးကြောင့် ငွေကြေးဖေါင်းပွ
မှု့ကို မကြာခဏဆိုသလို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။စီးပွားရေးအရ ငွေကြေးဖေါင်းပွမှု့ မဖြစ်အောင် FED
မှထိန်းညှိပေးပါတယ်။

--Purchasing Manager Index(PMI)

    PMI မှာ အမေရိကန် စီးပွားရေး မှထုတ်လုပ်မှု့များဖွဲ့စည်းထား မှု့အခြေအနေကိုဖေါ်ပြပါတယ်။ PMI
မြင့်မားလာပါက ထုတ်ကုန်ကောင်းမွန်လာတဲ့အတွက် စီးပွားရေးကောင်းမွန်လာမည်ဟု ယူဆနိုင်ပါသဖြင့်
ရွှေဈေးကျဆင်းတတ်ပါတယ်။

--Industial Production(IP)

   IP မှာ အမေရိကန်၏ စက်မှု့ထုတ်ကုန် အနိမ့်အမြင့် ကိုညွှန်းဆိုပါတယ်။စက်မှု့ထွက်ကုန် များပြားကောင်း
မွန်ပါက စီးပွားရေးကောင်းမွန်စွာ လုပ်ကိုင်နိုင်ခြင်းကို ဆိုလိုနိုင်သဖြင့် ငွေဖေါင်းပွမှု့နဲပါးနိုင်သော်လည်း
ထုတ်လုပ်နိုင်မှု့၏ ရာနှုံးပြည့် နီးပါးကောင်းမွန်ခဲ့ပါက ငွေကြေးဖေါင်းပွမှု့ကို ပြန်လည်ဖြစ်ပေါ်စေနိုင်သဖြင့်
ရွှေဈေးကို မြင့်မားစေနိုင်ပြန်ပါတယ်။

Consumer Indexes

  ယင်းခေါင်းစဉ်အောက်တွင် Consumer Price Index, Consumer Confidence Index, Retail sales,
နှင့် Durable Goods order, ဟုရှိနေပြီး ထိုဒေတာအားလုံးဟာ သုံးစွဲမှု့ သို့မဟုတ် ၀ယ်လိုအား မှ ငွေကြေး
ဖေါင်းပွနိုင်မှု့ကိုတိုင်းတာနိုင်ပါတယ်။

--Consumer Price Index(CPI)

  CPI မှာ ကုန်ပစ္စည်းကို တန်ဘိုး တခုဖြင့် မည်မျှသုံးစွဲ သည် ကုန်ဆုံးသွားသည်ကို ညွှန်းဆိုပါတယ်။ CPI
တိုးလာပါက ငွေကြေးဖေါင်းပီမှု့လည်း တိုးလာနိုင်ပါတယ်။

--Consumer Confidence Index(CCI)

   CCI မှာ စီးပွားရေးကို တိုင်းထွာနိုင်တဲ့ ကျောင်းများမှထွက်လေ့ရှိပါတယ်။အမေရိကန်၏ စီးပွားရေးကို
သင့်၏ မသင့်၏ လေ့လာသုံးသပ်နိုင်ပါတယ်။ CCI မြင့်တက်လာပါက မကြာခင်အချိန်အတွင်းမှာ စီးပွားရေး
ကောင်းမွန်လာနိုင်မည်ဟု ခန့်မှန်းနိုင်ပါတယ်။

--Retail Sales

  Retail sales မှာ ကြာရှည်ခံသော ထုတ်ကုန်နှင့် ကြာရှည်မခံသော ထုတ်ကုန် ၂ ခုလုံးကို ဖေါ်ပြသော
ကြေငြာချက်ကဲ့သို့ဖေါ်ပြခြင်း ဖြစ်ပါတယ်။ဒေတာ မြင့်မားခဲ့ပါက စီးပွားရေးကောင်းမွန်သဖြင့် သုံးစွဲမှု့များ
ပြားလာသည်ဟုမှတ်ယူနိုင်ပါတယ်။

No comments:

Post a Comment