Friday, August 8, 2014

7-8-2014 အတွက် ရွှေဈေးဖြစ်နိုင်ခြေ ခန့်မှန်းချက်


မင်္ဂလာပါခင်ဗျာ...
မနေ့ကတော့ရွှေဈေးဟာ ခိုင်မာတဲ့ Res 1295 ကိုကျော်ဖြတ် မြင့်တက်ခဲ့ပြီး
1309 အထိရောက်ရှိခဲ့ပြီး 1305-1306 မှာတည်မှီနေပြန်ပါတယ်။အမေရိကန်
Trade balance ဒေတာ နှင့် 10Yr bond ဒေတာ တို့ထွက်ရှိခဲ့ခြင်းနှင့်အတူ
ပြန်လည်မြင့်မားခဲ့တဲ့ရွှေ ဈေးဟာ ဒီနေ့ ECB Press Conference နှင့် အလုပ်
လက်မဲ့ဒေတာ၊အင်္ဂလန်ဒေတာအချို့ ထွက်ရှိဦးမှာဖြစ်တဲ့အတွက်ပြောင်းလဲမှု့ တစုံတရာ ထပ်မံပေါ်ပေါက်လာဦးမှာ ဖြစ်တဲ့အတွက် သတိထားရောင်းဝယ်ခြင်း
ဖြင့် ရောင်းဝယ်ခြင်းပြုလုပ်မှသာ အမြတ်တခု ရရှိနိုင်မှာဖြစ်ပါတယ်။
SPDR Gold Trust မှရောင်းခဲ့သော်လည်း ရွှေဈေးဟာ ပြန်လည်မကျဆင်း
ခဲ့ပဲ မြင့်တက်ခဲ့ရပါတယ်။ 1307 ကို ခိုင်မာစွာ ကျော်ဖြတ်မြင့်တက်ခဲ့ပါက 1318
အထိမြင့်တက်နိုင်ပြီး 1302 ကိုကျော်လွန်ဆင်းသက်မှု့ ခိုင်မာခဲ့ပါက 1295 အ
ထိ ပြန်လည်ဆင်းသက်နိုင်ပါသေးသဖြင့် သတိထားရောင်းဝယ်ခြင်းဖြင့်အမြတ်
ရယူနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။

No comments:

Post a Comment