( ၃ )
--Durable
Goods
ဒါကတော့ ကြာရှည်မသုံးစွဲနိုင်သော ကုန်ပစ္စည်းဟုဆိုသော်လည်း
လွန်ခဲ့သော ၃ နှစ်ခန့်အထိ ထုတ်
လုပ်ခဲ့သောကုန်ပစ္စည်း
ကိုပါ ပါဝင်စေပါတယ်။ဒီဒေတာကတော့ retail sales နဲ့ ဆက်နွယ်နေပါတယ်။
အခြားစီးပွားရေးဒေတာများ..
--Housing
Starts
ဒီဒေတာကတော့ အမေရိကန်နိုင်ငံရဲ့အိမ်ယာအသစ် ဆောက်လုပ်ခွင့်ပါမစ်
ထုတ်ပေးခြင်းကိုဖေါ်ပြပါတယ်။
ထိုဒေတာအောက်မှာပဲ
Existing home sales(နေထိုင်ဆောက်လုပ်ပြီး အိမ်အဟောင်း)ဈေးကွက် လဲပါဝင်ပါတယ်။မည်သည့်အိမ်မဆိုအရောင်းအ၀ယ်ကောင်းလျှင်စီးပွားရေးကောင်းမွန်သည်ဟုယူဆရပေမည်။
--Trade
deficit
ဒီဒေတာ ကလည်း မြင့်မားစွာထွက်ပေါ်လာပါက ဒေါ်လာအားကောင်းနိုင်ပြီး
တင်ပို့ကုန်ဟာ တင်သွင်းကုန်
ထက်များပြား
လာသည်ဟုညွှန်းဆိုပါတယ်။
ကမ္ဘာ့ ကြီးမားသော ရင်းနှိးမြုတ်နှံ သူများဟာ
Technical ပိုင်းသာမက fundamental (စီးပွားရေး
ဒေတာများကိုပါ
သုံးသပ်ပြီး ရောင်းဝယ်လေ့ရှိပါတယ်။
အခြားတိုင်းပြည်
နိုင်ငံများ၏ စီးပွားရေးဒေတာများ..
အဓိကကျသော စီးပွားရေးဒေတာများမှာ--
၁။
Gross Domestic Production
၂။
Industrial Production
၃။
Producer Price Index
၎။
Retail Sales
၅။
Consumer Price Index
ထိုဒေတာအားလုံး မှာအမေရိကန်ဒေတာများနှင့် အားလုံးဆင်တူနေပါတယ်။ငွေကြေး
ရောင်းဝယ်ခြင်းပြု
လုပ်သည်ဖြစ်စေ
ရွှေနှင့်အခြား ခိုင်မာသော ပစ္စည်း ကိုရောင်းဝယ်ခြင်းပြုလုပ် သည်ဖြစ်စေ ဈေးနှုံးပြောင်းလဲ
ခြင်းအတွက်အရေးပါလှပါတယ်။
ဥရောပနိုင်ငံများစွာပါဝင်သော ဥရောပသမဂ္ဂ တွင်စီးပွားရေးဒေတာများ
နိုင်ငံတိုင်းထွက်သော်လည်း နိုင်
ငံကြီးမားမှသာ
ပြောင်းလဲခြင်းများပြားနိုင်ပါတယ်။ဂျာမဏီနိုင်ငံ၏ စီးပွားရေးသည် ဥရောတွင် အကြီးဆုံးဖြစ်
နေသဖြင့်
ဂျာမဏီဒေတာသည် ဥရောပအချိန်တွင် အလွန်အရေးပါလှပါတယ်။ပြင်သစ်နိုင်ငံသည်လည်း ဒုတိယ
အကြီးဆုံးဖြစ်သဖြင့်
အရေးကြီးပါတယ်။တခါတရံ ဥရောပဒေတာများကြောင့် ဥရောပအချိန်တွင် ဈေးနှုံးပြောင်း
လဲမှု့
ကြီးမားလေ့ရှိပါတယ်။
သို့သော်အမေရိကန် ဒေတာသည်သာ အဓိကပြောင်းလဲမှု့ ခိုင်မာ
ခြင်းကိုဖြစ်ပေါ်စေပါတယ်။ အဘယ့်ကြောင့်ဆိုရပါမူ အမေရိကန် စီးပွားရေးဒေတာဟာ အဓိကငွေးကြေး
၎ ခု၏ တန်ဘိုးကိုပြောင်းလဲ
စေနိုင်ပါတယ်။(USD/JPY,
EUR/USD, GBP/USD, USD/CHF).
အထက်ပါစီးပွားရေးဒေတာ များအပြင် အခြားအရေးကြီးဒေတာများကိုလည်း
အနီးကပ်လေ့လာသင့်ပါတယ်။
--Germany
IFO Report
ဒီအထဲမှာတော့ IFO ရဲ့ စီးပွားရေးအခြေအနေ နဲ့ စီးပွားရေးမျှော်လင့်ချက်
ဟာ ဂျာမဏီနိုင်ငံရဲ့ စီးပွားရေး
အခြေအနေကို
ဖေါ်ပြမှာဖြစ်ပါတယ်။
--Japan
Tankan Report
ဒီဒေတာကတော့ ဂျပန်နိုင်ငံရဲ့ စီးပွားရေးကို ခြုံငုံ
သုံးသပ်နိုင်ပါတယ်။
--Central
Bank’s meeting minutes
စီးပွားရေး လုပ်ဆောင်သော ကြီးမားတဲ့ ချမ်းသာကြွယ်ဝသူများ
ပညာရှင်များဟာ ဒီဗဟိုဘဏ် အစည်းအ
ဝေးကိုတက်ရောက်ကြပါတယ်။ဒီအစည်းအဝေးမှာ
အစဉ်အမြဲ စကားအခြေအတင်နှင့်ဆွေးနွေးခြင်း၊မဲပေးရွေး
ချယ်ခြင်းမှားပြုလုပ်လေ့ရှိပါတယ်။ထိုအစည်းအဝေးမှ
အတိုးနှုံး လျှော့ခြင်း တိုးခြင်းများ အတွက်သဲလွန်စ
ရှာဖွေလေ့ရှိပါတယ်။ထိုအစည်းအဝေးမှ
ဆုံးဖြတ်ချက်များကို Federal Reserve
Bank, Bank of England,
European
Central Bank နှင့် Bank of Japan တို့မှ copy ယူပြီး အများပြည်သူသို့ ထပ်မံတင်ပြလေ့ရှိပါတယ်။
အောက်ပါwebsites များကတော့ စီးပွားရေး ဒေတာများ ကို
တပါတ်လုံးစာ အတွကအချိန်နှင့်တက်ွအမြဲ တင်ပြပေးလေ့ရှိပါတယ်။
Political
Events(နို်င်ငံရေးကြောင့် ရွှေဈေးပြောင်းလဲခြင်း)
နိုင်ငံတခုမှာ အဓိကနိုင်ငံရေး ပြောင်းလဲမှု့တွေ
ဖြစ်တတ်ပါတယ်။အဲဒီလိုပြောင်းလဲမှု့ကြောင့် ထိုနိုင်ငံရဲ့ငွေ
ကြေးတန်ဘိုး
အပေါ်သက်ရောက်တတ်ပါတယ်။ဥပမာအားဖြင့်- ဂျပန်နိုင်ငံမှာ ရွေးကောက်ပွဲပြုလုပ်စဉ်က နောင်
တက်မဲ့
ဝန်ကြီးချုပ်ကို သေချာစွာမသိရသေးခင် အချိန်တွင် ဂျပန်ယန်းမှာ အားပျော့နေပါတယ်။ထိုကဲ့သို့ပင်
အ
မေရိကန်သမ္မတ
ရွေးကောက်ပွဲ မပြီးဆုံးခင်အချိန်ကာ လအတွင်း အမေရိကန် ဒေါ်လာဈေးမှာ မတည်ငြိမ်မှု့ဖြစ်
ပေါ်ခဲ့ပါတယ်။အခြားနိုင်ငံရေးများကြောင့်
ဈေးနှုံးမတည်ငြိမ်ခြင်းများလည်း များစွာရှိခဲ့ပါတယ်။ဥပမာ-အီရတ် နှင့်
အမေရိကန်စစ်ပွဲ
အချိန်၊ အမေရိကန်၏ ကုန်သွယ်ရေး ဗဟိုဌာန ကို အကြမ်းဖက်တို့ တိုက်ခိုက်ဖြိုခွဲချိန်၊မြောက်
ကိုရီးယားမှ
အနုမြူ လက်နက် စမ်းသပ်ပြစ်လွှတ်မည်ဟု ခြိမ်းခြောက်ချိန်၊အနီးစပ်ဆုံး ဆီးရီးယား အားအမေရိ
ကန်မှ
တိုက်ခိုက်တော့မည်ဟု သတင်းဖြစ်ပေါ်နေချိန်များ တွင် ဈေးနှုံးများမှာ များစွာပြောင်းလဲခဲ့ပါတယ်။
Natural
Disasters(သဘာဝဘေးအန္တရယ် ကြောင့်ဈေးနှုံးပြောင်းလဲခြင်း)
နိုင်ငံတခုတွင် မည်သည့်အချိန်မဆို ငလျှင်ကဲ့သို့သော၊မုန်တိုင်း
ကဲ့သို့သော ဘေးကပ်ဆိုးများကျရောက်တတ်ပါတယ်။ထိုကဲ့သို့ ဖြစ်ပေါ်ခဲ့သော် ကျရောက်သောနိုင်ငံအတွက်
ငွေောကးတန်ဘိုးဆိုးဝါးလေ့ရှိပါတယ်။
ငလျှင်ဟာ
သစ်ပင်များ စက်ရုံများနေအိမ်ရုံးဌာ နများကို ပြိုပျက်စေသဖြင့် ပြန်လည်တည်ဆောက်ရေးများ
လုပ်ကိုင်ရသဖြင့် ထိုနိုင်ငံ၏ GDP မှာကျဆင်းရစမြဲ ဖြစ်တဲ့အတွက် ငွေကြေးတန်ဘိုးကို အားပျော့စေပါတယ်။
ဒါကြောင့် ဈေးနှုံးများသည် သတင်းများ၊ စီးပွားရေးဒေတာများ၊
ထွက်ပေါ်ခဲ့သော စီးပွားရေးအခြေအနေ၊
နိုင်ငံရေး၊သဘာဝ
ဘေးအန္တရယ် များကြောင့် သတင်းများထွက်ပေါ်ခဲ့သော် ငွေလဲနှုံး များစတင်ပြောင်းလဲကာ
ကုန်ပစ္စည်းအားလုံးဈေးနှုံးနှင့်အတူ
ရွှေဈေးကိုပါပြောင်းလဲစေတတ်ပါတယ်။ထိုကဲ့သို့ဖြစ်ပေါ်နေသောအချိန်
မျိုးတို့
တွင် အရောင်းအ၀ယ်ပြု လုပ်နေသောသူများ အတွက် ပိုမိုတွက်ဆ ရောင်းဝယ်ခြင်းများပြုလုပ်နိုင်ပါ
တယ်။
အထက်ပါအကြောင်းအရာများကတော့ ဈေးနှုံးပြောင်းလဲရခြင်း
အကြောင်းအရင်းအချို့ဖြစ်ပါတယ်။
အခြားအကြောင်းများကြောင့်
ပြောင်းလဲမှု့ ရှိသည်များကို ထပ်မန်တင်ပြပေးပါအုံးမည်။
အချို့အရောင်းအ၀ယ်ပြုလုပ်သူ များဟာ ဈေးနှုံး၏ပြောင်းလဲမှု့ကို
ချတ်(CHARTING) သို့မဟုတ်
Technical
analysis ဖြင့် ကြည့်ရှု့ဆုံးဖြတ် ရောင်းဝယ်ခြင်းမျိုးလည်းရှိပါတယ်။
အများပြည်သူများ အနည်းငယ်လေ့လာ ဆည်းပူးနိုင်ရန်
ချတ်(chart )၏ သဘောသဘာဝကိုအနည်း
ငယ်ရှင်းလင်းတင်ပြပေးပါမည်။